မင်္ဂလာဒုံမြို့နယ်ရုံး၌ စာပေချစ်သူများ Book Club အသင်းမှ စာဖတ်ဝိုင်းကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်ရုံး၌ စာပေချစ်သူများ Book Club အသင်းမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်



MNP - ဩဂုတ်   ၂


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရုံး၌ ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က စာပေချစ်သူများ Book Club အသင်းမှ အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာရေးဆရာ မင်းဆက်ပိုင်က စာပေလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ကြောင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး စာရေးဆရာမ မြခြူးအိမ်ရေးသားသည့် အိမ်ကလေး၏ ရင်ခွင်ဝထ္ထုတွင်ပါရှိသည့် မိသားစုအချင်းချင်း နွေးထွေးမှု ရှိစေရေးနှင့် မိဘနှင့်သားသမီးအကြားထားရှိရမည့် အပြန်အလှန်နား လည်မှုရှိစေရန်အတွက်  အတုယူစရာအချက်တွေကို ပီပြင်အောင်ရေးဖွဲ့ထားခြင်းစသည် တို့ကို စာရေးဆရာမ လမင်းအိမ်(ဥပဒေ)က ဆွေးနွေးခဲ့သည်။


ဆက်လက်၍ စာရေးဆရာမ မြခြူးအိမ်က သတိပြုစရာ မျောက်ကျောက်ရောဂါ လက္ခဏာများဖြစ်သည့် အရေပြားပေါ်တွင် အဖုများစတင်ဖြစ်ပေါ်လာခြင်း၊ အနီရောင်အဖုများသည် မျက်နှာနှင့် ခြေထောက်ပေါ်တွင် အပေါက်များခြင်း၊ ဖျားနာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အားအင်ချိနဲ့ခြင်းတို့ဖြစ်ပြီး လူအချင်းချင်းကူးစက်နိုင်သည့် အချက်များနှင့် တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်နိုင်သည့် အချက်များကို သိရှိစေရန်နှင့် ရောဂါကူးစက်လာပါက နောက်ဆက်တွဲဆိုးကျိုးများကိုပါ သိရှိလိုက်နာကြစေရန် အကျယ်တဝင့်ဆွေးနွေးခဲ့သည်။


ထို့အပြင် မင်္ဂလာဒုံမြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးငွေစိုးက မျောက်ကျောက်ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား သိရှိလိုက်နာသင့်ပါကြောင်းနှင့် စာရေးဆရာ မင်းဆက်ပိုင်က အိမ်ကလေး၏ ရင်ခွင်ဝထ္ထုတွင်ပါရှိသည့်အတိုင်း ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးကို ချစ်မြတ်နိုးကြမယ်၊ အမျိုးသားရေးကိုဦးစားပေးရမယ်၊ နိုင်ငံချစ်စိတ်မွေးမြူကြရမယ် စသည့်အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာရေး ဆရာ၊ ဆရာမများမှ သိလိုသည့်အချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ စာဖတ်ဝိုင်းသို့  စာပေချစ်မြတ်နိုးသူ Book Club အသင်းမှ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၂၀) ဦး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - မြတ်သူဇာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)