ကျောက်ဆည်မြို့နယ်တွင် မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP - ဩဂုတ်   ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် နေကြာသီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။


မျိုးစေ့ထုတ်နေကြာသီးနှံများကို မှိုင်းပန်ကျေးရွာမှ တောင်သူ(၂)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ် (၂၃၂-ခနှင့် ၂၂၅-ဃ)တွင် (၅၅.၁၀)ဧက၊ ကလေးကျေးရွာမှ တောင်သူ(၃)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၂၃၃-က)တွင်(၅)ဧက၊ တောင်တော်ကျေးရွာမှ တောင်သူ(၃)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၂၅၂-ကနှင့်၂၃၄)တွင်(၁၂.၅၀)ဧက၊ ရှားပင်ကျေးရွာမှ တောင်သူ(၁၃)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၃၅-ကနှင့်၃၃၆)တွင် (၃၁.၀၀)ဧက၊ ဒွေးလှကျေးရွာမှ တောင်သူ(၁၆)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၃၇နှင့်၃၃၈)တို့တွင်(၆၉.၅၀)ဧက၊ အနောက်ရွာတော်ကျေးရွာမှ တောင်သူ(၄)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၃၇)တွင် (၁၃.၀၀)ဧက၊ ကြောင်ပန်းကုန်းကျေးရွာမှ တောင်သူ(၄)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၁၇၂နှင့်၁၇၇)တို့တွင်(၁၄.၀၀)ဧက စုစုပေါင်း(၂၀၀) ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။


အဆိုပါ မျိုးစေ့ထုတ်နေကြာသီးနှံများ အောင်မြင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး မြေပြုပြင်ချိန်မှစတင်၍ ရိတ်သိမ်းချိန်အထိ နည်းပညာများ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မျိုးစေ့ထုတ်နေကြာစိုက်တောင်သူများ အဆင်ပြေစေရေး တစ်ဧကငွေကျပ်(၈၈၇၅၀)တန်းဖိုးရှိ နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းအားဆေးများ အခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)