MNP - ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် အခြားသောဘေးအန္တရာယ်များ၏ အကျိုးဆက်များ ကြောင့် လူမှုစီးပွားဘဝ ထိခိုက်လျက်ရှိသော ပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုယ်တိုင် လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် Cash for work စီမံကိန်း လုပ်ငန်းများ အကောက်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဆည်ကုန်းကျေးရွာ တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက် မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်း တူးဖော်ပေးလျက် ရှိကြောင်း သိရှိရသည်။
Cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၀၀) အကုန်အကျခံကာ ပြည်သူလူထုလုပ်အားဖြင့် အရှည်(၁၀၀၀)ပေ၊ အကျယ် (၁၂)လက်မ၊ ထု(၉)လက်မရှိ ကျေးရွာတွင်းလမ်းများဂျင်းကျောက်မြေခင်းခြင်းနှင့် အရှည်(၃၄၀၀)ပေ၊ အကျယ် (၅)လက်မ၊ အနက်(၁)ပေခွဲရှိ စိုက်ပျိုးရေပေးမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ(၈၅)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဆည်ကုန်းကျေးရွာမှ အိမ်ခြေ(၅၀)အိမ်၊ လူဦးရေ (၂၃၀) ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ၍ လူမှုဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment