MNP - ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ကွေ့တောကျေးရွာအုပ်စု၊ ပိဿနိုးကျေးရွာအတွင်း ဂျင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့သို့စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်၊ ဒေါ်နန်းမြင့်ဦး(ဦးစီးအရာရှိ-နည်းပညာ)နှင့် တာဝန်ခံဝန်ထမ်းသည် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများနှင့်အတူ ဩဂုတ်လ ၁၈ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ဖြင့် ကျေးရွာတွင်းလမ်း ဂျင်းကျောက်ခင်းခြင်း(၁၆၀၀ပေ×၁၂ပေ×၉လက်မ)၊ ရေနုတ်မြောင်းတူးဖော်ခြင်း (အရှည် ၂၈၄၀ ပေ× အကျယ် ၁.၆ ပေ × အနက် ၂ ပေ)၊ လုပ်ငန်းများကို ကျေးရွာသူ/သားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး လုပ်အားခငွေချေပေးခြင်းစနစ်ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိလာမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အိမ်ထောင်စု (၁၂၀)စုမှ လူဦးရေ(၅၀၉)ဦးတို့အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - စိုးကျော်သူထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment