သိန္နီမြို့နယ်တွင် အခြေခံမဲစာရင်းများ မှန်ကန်ရေး IVLS ဆော့ဝဲ(လ်)ဖြင့် ရေးဆွဲပြုစုခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့နယ်တွင် အခြေခံမဲစာရင်းများ မှန်ကန်ရေး IVLS ဆော့ဝဲ(လ်)ဖြင့် ရေးဆွဲပြုစုခြင်းဆောင်ရွက်



MNP - ဩဂုတ်   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အခြေခံမဲစာရင်းများ မှန်ကန်ရေး IVLS ဆော့ဝဲ(လ်)ဖြင့် ရေးဆွဲပြုစုလျက်ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်းဖြင့် တိုက်ဆိုင်စစ်ဆေး၍ ပထမအကြိမ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လူဦးရေ (၅၄၇၆၉) တင်ပြခဲ့ရာ အဆိုပါ လူဦးရေစာရင်းများကို ပြန်လည်စိစစ်နိုင်ရေးအတွက် IVLS ဆော့ဝဲ(လ်) Initial Voter List Scrutinizer ဖြင့် ရပ်ကွက်/ကျေးရွာ (၃၆)အုပ်စုအား စာရင်းပြုစုလျက်ရှိသည်။ အခြေခံမဲစာရင်းများ မှန်ကန်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများရှိ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။ IVLS ဆော့ဝဲ(လ်) ရေးသွင်းရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ပတ်သက်၍စိစစ်ခြင်း၊ မွေးသက္ကရာဇ်များကို တိုက်ဆိုင် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပြည်ထောင်စုရွေးရောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရသည်။


သတင်း - စောဥမ္မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)