အမ်းမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါ အသိပညာပေးနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါ အသိပညာပေးနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်





MNP ၊ ဩဂုတ် ၂၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၇:၀၀) နာရီက  လူစည်ကားရာလမ်း ဆုံလမ်းမများ၊ အမ္ဗနဒီဈေးနှင့် မြို့ဟောင်း ပျံကျဈေးတို့တွင် ဒေသခံပြည်သူ ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနိုင်ငံတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2.75၊ BA.4၊ BA.5 ကူးစက်မှုများ တွေ့ရှိနေရပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်နိုင်ရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောမင်းထက်နှင့်အဖွဲ့ဝင်များမြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များကရပ်ကွက်နှင့် ဈေးများ၌ ပြည်သူ များအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာ ခေါင်း စည်း(Mask) များစနစ်တကျ တပ်ဆင်သွား လာရေးအတွက် အသိပညာပေး ပြောကြားခဲ့ပြီး၊ နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ရောဂါ ကာ ကွယ်ရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက်  အသိပညာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)