မြို့နယ်အချို့ရှိ NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်အချို့ရှိ NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး


MNP ၊ ဩဂုတ်  ၃

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အား အကြောက်တရားဖြင့် ထောက်ခံအား ပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တုံးမဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထွေထွေဝန်ထမ်း ဦးဗဒူ (၅၀)နှစ်သည် အဆိုပါကျောင်း၌ ပညာသင်ကြားနေသည့် ရီးမဝကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား ၇ ဦးတို့အား ၎င်းမောင်းနှင်သည့် စက်လှေဖြင့်တင်ဆောင်၍ ရီးမဝကျေးရွာသို့ လိုက်ပါပို့ဆောင်ရန်အတွက် ကုလားတန်မြစ်ကြောင်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် ရီးမဝကျေးရွာသို့မရောက်မီ ၂ ဖာလုံခန့် အကွာအရောက်၌ ကုလားတန်မြစ်၏ ညာဘက်မြစ်ကမ်းပေါ်မှ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် စက်လှေမောင်းနှင်လာသည့် ဦးဗဒူတွင် ဝဲလက်ကောက်ဝတ်နှင့် လည်ပင်းကျည်ရှပ် ထိဒဏ်ရာတစ်ချက်၊ မခင်သီတာ(၁၄)နှစ် ၅ တန်း (ဘ)ဦးတနင်္လာ၏ ဝဲ/ယာ ခြေထောက် နှစ်ချောင်း၌ ကျည်ထိမှန်ဒဏ်ရာများ၊ မောင်အောင်လင်းဝင်း (၁၁)နှစ် ၅ တန်း (ဘ) ဦးလင်းအောင်တွင် ကျောကျည်ရှပ်ထိ ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ပြီး မောင်နေမင်းထွန်း (၁၁)နှစ် ၅ တန်း (ဘ)ဦးအောင်ဖာနှင့် မောင်သန်းမြင့်(၁၁)နှစ် ၅ တန်း (ဘ)ဦးထွန်းလှအောင်တို့ ၂ ဦးတွင် နောက်ကျောကျည်ထိမှန် ဒဏ်ရာအသီးသီးရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သော NLD အစွန်းရောက် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)