MNP ၊ ဩဂုတ် ၃
ပဲခူးတိုငးဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)မှော်ဇာ ၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျှက်ရှိသော တပ်ဖွဲ့ဝင် တစ်ဦးအား ယနေ့နံနက် ၉ နာရီခန့်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မှော်ဇာရွာမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှော်ဇာ တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိစဉ် မှော်ဇာရွာမကျေးရွာနေ NLD အစွန်းရောက် အကြမ်းဖက်သမား အောင်မြင့်မြတ် (၁၄)နှစ် (ဘ)ဦးသန်းရွှေ က အရိုး ၃ လက်မခန့်၊ အသွား ၈ လက်မ ခန့်၊ အနံ ၁ ဒသမ ၅ လက်မခန့်ရှိ စကေဘာဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား နောက်ကျောမှနေ၍ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အနက် ၃လက်မခန့်ထိုးသွင်း ဒဏ်ရာ ရရှိခဲ့သည်။
ကျန်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားအား အားဖမ်းဆီးစဉ် ခုခံထွက်ပြေးသွားသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာကျောင်း၏ အနောက်ဘက် မီတာ ၁၀၀ခန့်အကွာ၌ဒဏ်ရာနှင့်အတူဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဒဏ်ရာရ လုံခြုံရေးတပ်ဖွဲ့ဝင် နှင့် အကြမ်းဖက်သူတို့ အား တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး အကြမ်းဖက်တိုက်ခိုက်သူအားလိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသော NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့များအနေဖြင့် အမှားအမှန်ခွဲခြားသိမြင်နိုင်မှုနည်းပါးသေးသည့် အသက်ငယ်ရွယ်သူများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စည်းရုံးမက်လုံးပေးသိမ်းသွင်းခြင်းများ ပြုလုပ်၍ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို စေခိုင်းလျက်ရှိကြောင်း၊ အုပ်ထိန်းသူ မိဘ၊ ဆရာများကလည်း မိမိရင်သွေးငယ်များ လမ်းမှားပေါ် မရောက်ရှိစေရေး ဝိုင်းဝန်းတားဆီးဆောင်ရွက်ရန်လိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment