အင်းစိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်


MNP ၊ ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ် (၄) လမ်းတွင် ဩဂုတ်လ ၄ ရက် မွန်းတည့် ၁၂ နာရီက အုပ်ချုပ်ရေးမှူးတစ်ဦးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက ပစ်သတ်သွားကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင်သည် ကျန်းမာရေးဌာနမှ ကာကွယ်ဆေးထိုးပြီးပြန်လာကာ ယောက္ခမဖြစ်သူနေအိမ်ရှေ့တွင် ဆိုင်ကယ်ခေတ္တရပ်စဉ် ဆိုင်ကယ်နှစ်စီးဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမား ၄ဦးရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူးမှာ ကျည်ထိဒဏ်ရာ လေးချက်(စိုးရိမ်ရ)ရရှိပြီး အင်းစိန်ဆေးရုံသို့ပိုဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)