MNP ၊ သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ရန်ကုန်-ညောင်တုန်းလမ်းဘေးရှိ YBS ယာဉ်ရပ်နားကွင်းအတွင်း ရပ်ထားသော YBS ကားတစ်စီးဩဂုတ်လ ၄ ရက်နံနက် ပိုင်းက NLD အစွန်းရောက် အကြမ်းဖက်သမားများက မီးတုတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ယာဉ်ရပ်နားကွင်းတာဝန်ကျသူသည် ဓာတ်တီအနံ့များရသဖြင့် လိုက်လံစစ်ဆေးရာ ဂိတ် (၃) ခြံစည်းရိုးအနီးတွင် YBS ကားတစ်စီးနောက်ပိုင်း မီးလောင်နေသည်ကိုတွေ့သဖြင့် မီးကိုဝိုင်းဝန်းငြိမ်းသတ်နေစဉ်ဂိတ်(၃) အနီးခြံစည်းရိုးအပြင်မှ ဘေးတွဲဆိုင်ကယ်ဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမားနှစ်ဦး မောင်းနှင်ထွက်ပြေးသွားသည်ကို တွေ့ခဲ့ရသည်။
မီးလောင်သည့်ကားအနီးမှ ဓာတ်ဆီဆွတ်ထားသော မျက်နှာသုတ်ပုဝါနှစ်ခုနှင့် အုန်းဆံကြိုးသုံးခွေ တွေ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment