MNP ၊ သြဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ဌာနမှူးများနှင့်ကျောင်းသား/သူများအား သဘာ ဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲကြောင်း သိရသည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟက သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ ရှောင်ရှားရန်အချက်များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟနှင့်ဝန်ထမ်းများက ဘာသာရပ်အသီးသီးမှဌာနမှူးများနှင့်ကျောင်းသား/သူများ အား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး မုန်တိုင်းဘေးအသိပညာပေးပိုစတာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် (၄၀)ဗူးကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)
https://t.me/MyanmarNationalPost

No comments:
Post a Comment