ထားဝယ်မြို့တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ငွေစာရင်းရေးသွင်းနည်းသင်တန်းပို့ချခြင်း (AVIP)နှင့် ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ငွေစာရင်းရေးသွင်းနည်းသင်တန်းပို့ချခြင်း (AVIP)နှင့် ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားကျင်းပ





MNP ၊ ဩဂုတ် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော် ဆောင် ရွက်မည့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ကျေးရွာ(၅)ရွာမှ ကော်မတီဝင်များအား ငွေစာရင်း ရေးသွင်း နည်းသင်တန်း(AVIP) နှင့် စီမံကိန်းရန်ပုံငွေလွှဲအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးရဲခေါင်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးအောင်လွင်မှ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေလိုကြောင်းနှင့်စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တို့အတွက် ကျေးရွာသူ/ သားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားကာ မြို့နယ် ဦးစီးမှူးဒေါ်စိုးစိုးသီ က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် တာဝန်ရှိသူများ က ရန်ပုံငွေသုံးစွဲရေးအစီအစဉ်နှင့်ပတ်သက်သည့်သင်ခန်းစာများကို ပို့ချပေးခဲ့ပြီး ညွှန်ကြားရေးမှူးဦးရဲခေါင် က ကထောင်းနီကျေးရွာ၊ကျောက်မဲတောင်ကျေးရွာ၊ဖောင်းတောမီးစက်ကျေးရွာ၊ ကျောက်ရပ် ကျေးရွာ၊ ညောင်တုန်းကျေးရွာ (၅)ရွာအား (၁)ရွာလျှင် ကျပ်(၁၀၀)သိန်းတိတိအား ရန်ပုံငွေလွှဲပြောင်း ပေးအပ် ခဲ့ကြောင်းသတင်းရရှိသည်။


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)