ပေါင်မြို့နယ်တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် Seacon -2 ပါဝင်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် Seacon -2 ပါဝင်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



ပေါင်    ဩဂုတ်      ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် Seacon -2 ပါဝင်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို

ယမန်နေ့ညနေ့ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးထင်လင်းအောင်က မြို့နယ်အဆင့်ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲဝင်ဆန်ခါတင်များအား ရွေးချယ်သွားရန် ရွေးချယ်ထားသည့်ပြိုင်ပွဲဝင်အမည်စာရင်းအား ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍  သတ်မှတ်ရက်အရောက်ပေးပို့ကြရန် အမှာစကားပြောကြားသည်။


ဝါသနာရှင် ဦးတင်စိုးမှ သတ်မှတ်အရည်အချင်းရှိသူများအား အသံစမ်းရွေးချယ်သွားမည်ဖြစ်ပြီး လိုအပ်သည့်လေ့ကျင့်မှုများကိုလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်များ အချိန်မီရရှိရေး ကိုဆောင်ရွက်သွားမည်ဖြစ်သည်။


တူယှဉ်နွှဲပျော် ဂီတပွဲတော် ယှဉ်ပြိုင်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ၊အသက်(၃၀)နှစ်ထက်မကြီးသူ(ပြိုင်ပွဲများတွင် ဆုရရှိဖူးခြင်းမရှိသူ)ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)