MNP ၊ ဩဂုတ် ၄
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ သံတွဲမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ရခိုင်ပြည်နယ် အိုင်ကီဒို ၊ကရာတေးဒိုကလပ် ၊ သံတွဲအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် အိုင်ကီဒို ၊ကရာတေးဒိုသင်တန်း သင်တန်းသားများအားခါးစည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က သင်တန်းဖွင့်လှစ်မှုနှင့် လူထုအခြေပြုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ထို့နောက် သင်တန်းနည်းပြ ဦးထွန်းထွန်းအောင်က သင်တန်းဆင်း ခါးစည်းပေးအပ်ပွဲနှင့်ရှေ့လုပ်ငန်စဉ်များအားရှင်းလင်းပြောကြားပြီး သံတွဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လှက နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်မှု အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆင်း ခါးစည်းများကို ပေးအပ်ရာ ခါးစည်းအဝါ(၄)ဦး ၊ ခါးစည်းအစိမ်းရောင် အမျိုးသား/အမျိုးသမီး (၁၇ )ဦး နှင့် အပြာနု အမျိုးသား၊အမျိုးသမီး (၁၃ )ဦး စုစုပေါင်း( ၃၄)ဦးတို့အား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် ၊ သင်တန်းနည်းပြဦးထွန်းထွန်းအောင်နှင့် နည်းပြများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြပြီး သင်တန်းသားများနှင့်မိဘများကိုယ်စား အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်ခိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။
ဆက်လက်၍ အိုင်ကီဒို ၊ကရာတေးဒို သင်တန်းသား၊ သင်တန်းသူများက အဖွဲ့အလိုက် သရုပ်ပြကစား ပြခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment