လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

 



MNP - ဩဂုတ်   ၂၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးသူငယ်များအား ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က  ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့် နှင့်ဝန်ထမ်းများက ကလေးသူငယ်များ၏ ရရှိရထိုက်သော အခွင့်အရေးများ၊ ကလေးအလုပ်သမားများ ပပျောက်စေရန်အတွက် အသိညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးသူငယ် များ၏ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်၊  ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များ၊ ဥပဒေများ၊ နည်းဥပဒေများ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံတော်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ ကလေး သူငယ်များ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်၊ ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)