စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်




MNP - ဩဂုတ်   ၂၀


ပြည်သူများ အသိပညာရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးသည့်အချက်များနှင့်ပတ်သတ်၍ ဆွေးနွေးတင်ပြပေးရန် စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးဇင်ကိုကိုမင်းအား ဖိတ်ခေါ်ရာ ဦးစီးမှူးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း၏ အရေးကြီးပုံများနှင့် လူနှင့်သက်ရှိသတ္တဝါများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း မည်မျှဆက်စပ်မှုရှိသည်တို့ကို ပြည်သူများ ဗဟုသုတကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် တင်ပြဆွေးနွေးခဲ့သည်။


စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ရရှိရေးလုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများနှင့် အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်၊၊


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)