၂၀၂၂-ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - ဩဂုတ်   ၂၀


ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ဘတ်စကက်ဘောအားကစားနည်းအား အိမ်ရှင်အဖြစ်လက်ခံပေးခြင်းဖြင့် ပြည်သူများမှ ဘတ်စကက်ဘောအားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာပြီး ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများ အင်အားဖြည့်တင်းနိုင်မည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်ရည်ရွယ်၍ ကျင်းပမည့် ၂၀၂၂-ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာ ၂၀၂၂-ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက် ပေးအပ်ထားသောတာဝန်များကို အဆင်ပြေပြေဆောင်ရွက်နိုင်စေရေး တိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ကြမည့် အားကစားသမားများ အဆင်ပြေပြေတည်းခိုနေထိုင်နိုင်ရေး စသည်တို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။


ယင်းနောက် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ကော်မတီအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။


၂၀၂၂-ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ လားရှိုးမြို့ လေ့ကျင့်ရေးအားကစားရုံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)