၂၀၂၂ ခုနှစ် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-16 (အမျိုးသား) အသင်းနှင့် U-18 (အမျိုးသမီး) အသင်း ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-16 (အမျိုးသား) အသင်းနှင့် U-18 (အမျိုးသမီး) အသင်း ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 


MNP - ဩဂုတ်   ၂၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ U-16 (အမျိုးသား) အသင်းနှင့် U-18 (အမျိုးသမီး)အသင်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို၊ ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့်  ၂၀၂၂ ခုနှစ်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-16 (အမျိုးသား) အသင်းနှင့် U-18 (အမျိုးသမီး)အသင်း ဘောလုံး ပြိုင်ပွဲကို၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲများကို မြို့နယ်အားကစားကွင်းတွင် နံနက်(၉)နာရီမှ (၁၁)နာရီအထိ  U-18  အမျိုးသမီး အသင်း ပြိုင်ပွဲကျင်းပ၍ ညနေ(၃)နာရီမှ (၅)နာရီအထိ U-16 (အမျိုးသား)အသင်းများကို ယှဉ်ပြိုင်ကစားစေခဲ့ကြောင်း သိရပြီး  အားကစားအသင်းများအနေဖြင့် အမျိုးသားအသင်း(၈)သင်း၊ အမျိုးသမီးအသင်း(၆)သင်း ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရဿည်။ ယနေ့ ဆုပေးပွဲကျင်းပမည့် နောက်ဆုံးဗိုလ်လုပွဲတွင် U-16 (အမျိုးသား) အမှတ်(၂)အ.ထ.က အသင်းနှင့် အမှတ်(၁)အ.ထ. က အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအသင်းက (၈)ဂိုး(၂)ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲပြီး၊ ဆုဖလား ကြီးကို ရရှိခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆုများနှင့် ဒုတိယဆုရရှိသော အသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ပထမဆုရ အမှတ်(၁)အ.ထ.က အမျိုးသား အသင်းနှင့် အမျိုးသမီးအသင်း တို့အတွက် အောင်ပွဲရဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် အသင်းနည်းပြများ၊ အားကစားသမားများက လက်ခံရ ယူကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေး၊ ကျောက်ပန်း တောင်းမြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ အားကစားနည်းပြများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)