ရွှေကူမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများအား ရန်ပုံငွေသိန်း (၈၀၀) လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများအား ရန်ပုံငွေသိန်း (၈၀၀) လွှဲပြောင်းပေးအပ်

 


MNP - သြဂုတ်   ၂၀


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က ရန်ပုံငွေလွှဲပြောင်းပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ (VDP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရန် ကျေးရွာ ကော်မတီများနှင့်ကျေးရွာလူထုများက စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေး ရွာများဖြစ်သော ပန်းတင်၊ မြိုင်သာ၊ ငါးဘတ်ဝ၊ တိန်းဟွန်း၊ မိုးလဲ၊ သရက်ကုန်း၊ ပူခိုင် နှင့် ဝေခူး စသည့် ကျေးရွာ (၈) ရွာမှ ကော်မတီဝင်များသို့ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်းတစ်ရာတိတိ ဖြင့် ငွေကျပ်သိန်း ၈၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။        


ရွှေကူမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ကာလ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း ၅၀၀ ဖြင့် ကျေးရွာ(၅)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေး နှစ်၌ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်းတစ်ရာဖြင့် ကျေးရွာ(၈)အတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း ၈၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)