MNP - ဩဂုတ် ၂၀
ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် အရန်သားဖွားနှင့် လူထုကျန်းမာရေး လုပ်သားများ(မွမ်းမံ)သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံ ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ပို့ချသင်ကြားခဲ့သည့် သင်ခန်းစာများမှာ လူ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း (၅)မျိုးနှင့်အတူ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ၊ ကိုယ်ဝန်ဆောင် မိခင်များအား စောင့်ရှောက်ခြင်း၊ ပုံမှန်မွေးဖွားခြင်း ဖြစ်စဉ်နှင့် မွေးဖွားခြင်းကို စောင့်ရှောက်ပေးခြင်း၊ မွေးကင်းစကလေးအား ပြုစုစောင့်ရှောက်ခြင်း၊ (၅)နှစ်အောက် ကလေးအား ပြုစု စောင့်ရှောက်ခြင်း၊ မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းနှင့် တကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ရောဂါကာကွယ်ခြင်း၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် အိမ်တွင်း စောင့်ရှောက်မှုပေးခြင်း၊ သူနာပြုအတတ်ပညာ လေ့လာသင်ကြားခြင်းနှင့် ရှေးဦးသူနာပြုစုခြင်း၊ ကျန်းမာရေး ပညာပေးခြင်း၊ အတိုင်ပင်ခံ ဆွေးနွေးခြင်း သင်ခန်းစာများအား ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းညီညီ၊ သားဖွားဆရာမ ဒေါ်သော်တာစိုး၊ ဒေါ်သင်းလဲ့လဲ့ဦး တို့မှ သင်တန်းသူ (၁၆)ဦးတို့အား ဩဂုတ်(၁၆)ရက်နေ့မှ ဩဂုတ်(၁၉)ရက်နေ့ထိ (၄)ရက်ကြာ ဖွင့်လှစ် သင်ကြား ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment