အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

 


MNP - ဩဂုတ်   ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်းသိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏီ-တောင်တွင်းကြီး)တို့က လူကုန်ကူးခံရသည့်အကြောင်း၊ လူကုန်ကူးမှုကျူးလွန်ပါက ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမခံရအောင် သတိထားရမည့်အချက်များအကြောင်း၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ စုဆောင်းသည့်နည်းလမ်းများအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးသိကောင်းစရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Onlineမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)