MNP - ဩဂုတ် ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ဖြင့်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ကျေးရွာတွင်းလမ်းများ ပြုပြင်၍ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် အခြားကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ပေါက်ခေါင်းမြို့နယ် ဆယ်ကြီးကွက်သစ်၊ ကံရွာ၊ ဇွဲကွင်း၊ သပြေတုံး၊ ပေါက်တော၊ ကျောလေးမွှာ၊ ဗြူဂေါင်း၊ ကျောင်းရွာ၊ စမ်းမကြီး၊ ပေါက်တော၊ ပိတောက်ကုန်းနှင့် ပိတောက်ကျောအလယ်ရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာရေရရှိရေး လုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် မြေသားရေလှောင်ကန်တူးဖော်ခြင်း လုပ်ငန်းများနှင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝတ်ရှိသူများက တည်ဆောက်ရေး ကော်မတီများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment