MNP ၊ စက်တင်ဘာ ၁၈
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကိုဗစ်- ၁၉ မျိုးရိုးဗီစပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-4/BA-5 ရောဂါပိုးများပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ရေးထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ပေးခြင်းကို ယနေ့နံနက် ၈ နာရီချိန်က အမှတ်(၃ ) ဈေးရပ်ကွက်၌ ပြည်သူများ အသွား လာများရာ လမ်းဆုံ လမ်းခွများသို့လှည့်လည်အသိပညာပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွှန်မျိုး စိတ်သစ် BA-4/BA-5 အမျိးအစားသည်ရန်ကုန်မြို့အပါအဝင် အခြားမြို့ကြီးများ၌ လျင်မြန်စွာပျံ့နှံလျက်ရှိပြီး ရောဂါကူးစက်မှုများ ယခင်ကထက် များပြားလာသည့်အတွက် အမ်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သို့ထွက်ခွာခြင်းမပြုဘဲ မိမိနေအိမ်၌သာနေထိုင်ကြရန်၊ အပြင်သို့ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုစနစ် တကျဆပ်ပြာဖြင့်ဆေး ကြောကြရန်၊ ကိုဗစ်-၁၉ ရေဂါကူးစက်ခံရသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်ရာ ကျန်းမာရေး ဆေးခန်း၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများသို့ အချိန်မီဆက်သွယ်ပြီး စနစ်တကျကုသမှုခံယူကြရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းမပြုရသေးသည့် ပြည်သူ များအနေဖြင့် နီးစပ်ရာဆေးရုံ၊ ကျန်း မာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန် လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment