ကန့်ဘလူမြို့၌ “သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဆိုင်းဘုတ် စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ “သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဆိုင်းဘုတ် စိုက်ထူ



MNP - စက်တင်ဘာ   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး-သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့ ” ဆိုင်းဘုတ်အား ခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းနှင့်ဘူတာလမ်းဆုံ ရွှေယက္ခကန်၏ အရှေ့တောင်ထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။


အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့်စပ်လျဉ်း၍ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုမှုကို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၁၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် ၁၉၉၅ ခုနှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို ကျင်းပကြောင်း၊ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်မှာ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၇ နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အိုဇုန်းလွှာသည် သက်ရှိတို့အတွက် ကမ္ဘာမြေကြီး၏ထီးသဖွယ် နေမှလာသော ခရမ်းလွန်ရောင်ခြည်လှိုင်းများ၏ အန္တရာယ်မှ တိုက်ရိုက်ကာကွယ်ပေးတားကြောင်း၊ အိုဇုန်းလွှာကိုပျက်စီးစေသော ဓာတ်ငွေ့များထွက်ရှိသည့် ဒြပ်ပစ္စည်းများပါဝင်သော အသုံးအဆောင်ပစ္စည်းများနှင့် နည်းစနစ်များကို လျော့ချဖို့ လိုအပ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။


သတင်း - အောင်ဝင်းငြိမ့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)