ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်





MNP ၊ စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးနိုင်လင်းထက်က ကြီး ကြပ်၍ ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု 

ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါမဖြစ်ပွားစေရန် ကြို တင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိ ပညာပေးခြင်းနှင့်နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် အများပြည်သူလှုပ်ရှားသွားလာရာ လူစည်ကားရာနေရာများနှင့်ဈေးအတွင်း၌ အသိပညာပေးဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များပူးပေါင်းအဖွဲ့သည် မြို့မဈေး၊ဈေးရှေ့ လမ်းသွားလမ်းလာ ပြည်သူများ၊ လမ်းမပေါ် ၌ သွားလာလှူပ်ရှားနေကြသည့် မော်တော် ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ခရီးသွား ပြည်သူများ၊ မြို့မဈေး အတွင်း ဈေး ရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါကာ ကွယ်ထိန်ချုပ်နိုင်ရေး ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ နေ အိမ် ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကိုလည်း အကြိမ်ပြည့် မပျက် မကွက် ထိုးနှံကြရန် စသည်တို့ကို အသိ ပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၁၅၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး Mask Campaign ကိုစက်တင်ဘာ၁၉ရက်မှစတင်ပြီးအပတ်စဉ် တနင်္လာနေ့များတွင် ပုံမှန်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)