MNP ၊ စက်တင်ဘာ ၂၆
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၁/၁) နှင့် (၁၅၂/၂ ) အကြား၌ SCANIA (အမျိုးအစား) Express ယာဉ်(၁)စီး ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ် ဝင်ရောက်တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ပြီး ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၂၆ ရက်) မနက် ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသို ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း(၈)ဦးအနက် ယာဉ်နောက်လိုက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment