တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချ၍ အာဏာသိမ်းမှုဖြစ်ပွားကြောင်း လူမှုကွန်ရက်မီဒီယာများတွင် ကောလာဟလ သတင်းများထွက်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချ၍ အာဏာသိမ်းမှုဖြစ်ပွားကြောင်း လူမှုကွန်ရက်မီဒီယာများတွင် ကောလာဟလ သတင်းများထွက်ပေါ်



MNP ၊ စက်တင်ဘာ ၂၆

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချ၍ အာဏာသိမ်းမှုဖြစ်ပွားကြောင်း ကောလာဟလသတင်းများ လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံသွားခဲ့သည်ဟု အိန္ဒိယတူဒေးဝက်ဘ်ဆိုက်က စက်တင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။


“ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြိုသို့ ရှီကျင့်ဖျင် ရောက်ရှိနေစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တရုတ်ပြည်တွင်း၌ ၎င်းကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း” အင်တာနက် လူမှုကွန်ရက်ရှိ ပို့စ်များစွာတွင် ရေးသားဖော်ပြနေကြသည်ဟုဆိုသည်။


သို့သော် တရုတ်ကွန်မြူနစ်ပါတီ (သိုမဟုတ်) တရုတ်အစိုးရမီဒီယာများက အဆိုပါ ပြောဆိုရေးသားနေမှုများကို တရားဝင် အတည်ပြုခြင်း မရှိသေးကြောင်းနှင့် ၎င်းကောလာဟလကို ရှီကျင့်ဖျင်အား ဆန့်ကျင်သည့် အသိုင်းအဝိုင်းမှ စတင်ဖြန့်ချိသည်ဟု ယူဆရကြောင်း အိန္ဒိယတူဒေးက ရေးသားဖော်ပြခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)