MNP ၊ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊စစ်ကြောင်းကြီး(၅) ကြောင်းမှ လူမှုရေးအဖွဲ့ခေါင်းဆောင်များဦးဆောင်ကာ ယနေ့၊ နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်အတွင်းရှိ လူစည်ကားသည့်နေရာများနှင့်မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူတို့ကို Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး(၅)ကြောင်းမှ လူမှုရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်များ၊ မြို့နယ်ကျန်းမာရေးမှူးနှင့်ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့်အခြားဌာနဆိုင်ရာဝန်ထမ်းအင်အား ၅၀ ဦးခန့်တို့က ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ လူစည်ကားသည့်နေရာများ၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူ များနှင့်ဈေးလမ်းမကြီးတစ်လျှောက် လမ်းသွား လမ်းလာပြည်သူတို့ကို နှာခေါင်းစည်း(Mask)များ တပ်ဆင်
နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အကြိမ်ပြည့် မပျက်မကွက် ထိုးနှံပေးကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို သိရှိလိုက်နာကြပါရန် အသိပညာပေးနိုးဆော်တိုက်တွန်းပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment