ပေါက်တောမြို့တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

 





MNP ၊  စက်တင်ဘာ  ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာ စေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၈) နာရီက လူစည်ကားရာတြိဂံလမ်းဆုံနှင့် လမ်းမတစ်လျှောက်၊ မြို့မဈေးအတွင်းဈေးရောင်း ဈေးဝယ်ပြည်သူများအား   Mask  Campaign အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ  Mask Campaign ဆောင်ရွက်ရာ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်သူများအား နှာခေါင်းစည်း (Mask) များတပ်ဆင်ကြရန် Mask  Campaign ပြုလုပ်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး‌ သတ်မှတ်စည်း ကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်၊ ကိုဗစ်- ၁၉ရောဂါ  ထပ်ဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)