MNP ၊ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်းBA-5ရောဂါကူးစက်ဖြစ် ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈နာရီက ဘူးသီးတောင်မြို့မှမောင်တောမြို့သို့သွားရာမြို့ဝင်/ ထွက်ဂိတ်၌ လမ်းသွား/လမ်းလာသူများနှင့် ဈေးရောင်း/ဈေးဝယ်သူများအား Mask တပ်ဆင်ပြီးမှအပြင်ထွက်ကြရန် အသိပညာပေးဟောပြောပေးခြင်းနှင့် MaskCampaig ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးကျန်အေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လမ်းသွား/လမ်းလာသူများနှင့် ဈေးရောင်း/ဈေးဝယ်သူများအား နှာခေါင်းစည်း Mask များကိုအခမဲ့ တပ်ဆင်ပေးခြင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ မျိုး ရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများအိမ်အပြင်ထွက်ပါက မဖြစ်မနေMaskတပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရန်တို့ကိုအကျယ်တဝင့် အသိပေးပြောကြားခဲ့ကြပြီး ခရီးသွားပြည်သူများ ၊ ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
လှကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment