MNP ၊ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စက်တင်ဘာ (၁၀) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုနေ့ အခမ်းအနားကို ထမ္မရာဇ်ရပ်ကွက်ရှိ ကြက်ခြေနီအသင်းခွဲရုံး၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဖွင့်ပွဲသီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး ရခိုင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးထွန်းရွှေမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကမ္ဘာ့ရှေးဦးစုခြင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင် မောင်မြင့် ထံမှ ပေးပို့သည့်သဝဏ်လွှာအား ရခိုင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး မှ ဖတ်ကြားပြီးနောက် ICRC မှ Master ကေဘိန်းက ICRC လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်၍ ခရိုင် တပ်ဖွဲ့မှူးဦးမောင်လှက ရှေးဦးပြုစုခြင်းနေ့ဖြစ် ပေါ်လာပုံနှင့် ရှေးဦးသူနာပြုစု ခြင်းသဘောတရား များကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ် ကြက်ခြေနီတပ် ခွဲ့မှူး ဒေါ်မမချေ မှလည်း မိုင်းအန္တရာယ် နှင့် ပေါက်ကွဲစေနိုင်သော စစ်ကြွင်း လက်ကျန်ပစ္စည်းများ အန္တရာယ်အကြောင်းများကို ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်းချုပ်မှ မြောက်ဦး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့အရာရှိခန့်အပ်လွှာ နှင့် အရာရှိစိစစ်ရေးကဒ် ပြားများ ပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ် ရှေးဦးပြုစုသူ နှင့် ဂုဏ်ထူးဆောင် ဆုရရှိသော မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် မှ တပ်ဖွဲ့မှူး ဦးဗိုလ်အောင်သိန်း ၊ မြောက်ဦးခရိုင်မှ ခရိုင်တပ်ဖွဲ့မှူး ဦးမောင်လှ နှင့် မြို့နယ်ဒုတပ်ဖွဲ့မှူး ဒေါ်သူဇာဌေး တို့ကို ဆုချီးမြှင့်ခဲ့သည်။ယင်းနောက် ကြက်ခြေ နီသူနာပြု တပ်ဖွဲ့မှ ပတ်တီးစည်းနည်းပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီး မြှင့် ခဲ့ပြီး နောက် ကြက်ခြေနီ သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တက် ရောက်လာ ကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment