MNP ၊ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သဲကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဈေးအခြေပြု (Fixed Session) အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အောင်ဆန်းစာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်ကိုဗစ်-၁၉ ကာကွယ် ဆေး ဒုတိယအကြိမ် ထိုးနှံထားပြီး(၆)လ ပြည့်ပြီးသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းနှင့် တတိယအကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (SecondBooster Dose) ထိုးနှံပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ရေး စည်း ကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင့်နန္ဒာဌေး
https://t.me/MyanmarNationalPost

No comments:
Post a Comment