ပင်လောင်းမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.Ed (စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့်ရ စာမေးပွဲဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.Ed (စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့်ရ စာမေးပွဲဖြေဆို

 



MNP - စက်တင်ဘာ  ၂၄


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့်  ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅) နှစ်သင်တန်း အမှတ်စဉ် (၁၀) အတွက် သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


အဆိုပါ သင်တန်းများဝင်ခွင့်ရ စာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) အတွက် အင်္ဂလိပ်စာဘာသာရပ်နှင့်  သင်္ချာဘာသာ ရပ်များဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ရှိသူ ၃၆ ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ၃၂ ဦးရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed သင်တန်းဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်ဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ရှိသူ ၁၃ ဦးဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။ 


သင်တန်းများအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဖြေဆို အောင်ပြီး သတ်မှတ်ထားသည့် အောင်မှတ်များရရှိသည့် ကျောင်းသား၊ ကျောင်းသူများမှ ဝင်ရောက်ဖြေဆိုခွင့်ရှိ သင်တန်းဝင်ခွင့် ဝင်ရောက်ဖြေဆိုပြီး ရေးဖြေအောင်မြင်သူများအား လူတွေ့နှုတ်ဖြေများဖြင့် ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)