(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး




MNP - စက်တင်ဘာ   ၂၄


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေ၊ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဥက္ကာကိုတို့က ကြီးကြပ်၍ မော်လမြိုင်မြို့၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ မွန်ပြည်ရဲတပ်ဖွဲ့မှ အရာရှိများ အခြားအဆင့် တပ်ဖွဲ့ဝင်တို့က ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေး‌ ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အမှတ်(၁၂)  အခြေခံပညာအထက်တန်းကျောင်း ဝန်းအတွင်းရှိ ခြုံနွယ်များနှင့် မြက်များ ရှင်းလင်းခြင်း၊  တံမြက်စည်းလှည်းခြင်း၊ အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးလုပ်ငန်းများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့မှ ပြည်နယ်/ ခရိုင်/ မြို့နယ် လက်ရုံးတပ်ဖွဲ့များမှအရာရှိ အဆင့်နှင့်အခြားအဆင့် စုစုပေါင်း အင်အား (၂၀၂)ဦးတို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)