ပင်လောင်းမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.Ed (စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့် လူတွေ့နှုတ်ဖြေစာမေးပွဲ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.Ed (စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့် လူတွေ့နှုတ်ဖြေစာမေးပွဲ ဆက်လက်ဖြေဆို




MNP  - စက်တင်ဘာ  ၂၆


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)နှင့်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅)နှစ် သင်တန်း အမှတ်စဉ်(၁၀) အတွက်သင်တန်းဝင်ခွင့်  အတွက်လူတွေ့နှုတ်ဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။


 အဆိုပါ သင်တန်းများဝင်ခွင့်ရ လူတွေ့နှုတ်ဖြေ စာမေးပွဲတွင်  ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) အတွက် ရေးဖြေစာမေးပွဲ အောင်မြင်သူ ကျောင်းသား ၈ ဦး၊ ကျောင်းသူ ၂ ဦးစုစုပေါင်း ၁၀ ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed သင်တန်းဝင်ခွင့်   ရေးဖြေစာမေးပွဲ တွင် ဖြေဆိုအောင်မြင်သူကျောင်းသား ၁ ဦး၊ ကျောင်းသူ ၁၁ ဦး၊ စုစုပေါင်း ၁၂ ဦးဖြစ်ပြီး၊ လူတွေ့နှုတ်ဖြေ အောင်မြင်သူများအား သက်ဆိုင်ရာကျောင်းများတွင် ပညာဆက်လက် သင်ကြားခွင့်ရရှိရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။


ယနေ့ပြုလုပ်သော လူတွေ့နှုတ်ဖြေစာမေးပွဲအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့အဖွဲ့ဝင် ဦးခွန်လှသိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်သိန်း၊ပင်လောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ ဟိုပုံးမြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ ဆီဆိုင်မြို့နယ်ပညာရေးမှူး ဦးစိုးသစ်၊ ပင်လောင်းမြို့နယ်ပညာရေးမှူး ဦးတင်ငွေ တို့ပါဝင်သော လူတွေ့နှုတ်ဖြေစာမေးပွဲစစ်ဆေးခြင်း ကြီးကြပ်ရေးကော်မတီမှ ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။


လူတွေ့နှုတ်ဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့ B.Ed ၅နှစ်သင်တန်းအမှတ်စဉ် (၁၀) နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ အေဂျီတီအိုင် ဒီပလိုမာ သင်တန်းများသို့ တက်ရောက်ပညာသင်ကြားခွင့် ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း  - ထွန်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)