ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (C.T.M.E) အခမ်း အနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (C.T.M.E) အခမ်း အနားကျင်းပ



MNP - စက်တင်ဘာ   ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် (C.T.M.E) အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)တွင် ကျင်းပသည်။အခမ်းအနားကို နဝရတ်ဂတိသစ္စာ ရွတ်ဆိုဖွင့်လှစ်ပြီး သဘာပတိ၊ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးဆရာအသင်းဝင် ဦးအောင်တင့်က အမှာစကားပြောကြားသည်။


ထို့နောက် ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူက ရေဖျဉ်းရောဂါအကြောင်း လေ့လာခြင်းစာတမ်းကို ဖတ်ကြားပြီး ကျိုင်းတုံခရိုင်တိုင်းရင်းဆေးမှူး ဦးမင်းဟန်၊ ကျိုင်းတုံတိုင်းရင်းဆေးရုံအုပ်၊ ဒုတိယတိုင်းရင်းဆေးရုံအုပ်၊ တာချီလိတ်၊ မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးမှူးများ၊ တိုင်းရင်းဆေး ဆရာအသင်းဝင်များ၊ တိုင်းရင်းဆေးဆရာများနှင့် တက်ရောက်လာကြသူများက ရေဖျဉ်းရောဂါအကြောင်းနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များ၊  တိုင်းရင်းဆေးပညာရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် တိုင်းရင်းဆေးဝါးများအကြောင်း  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)