လဲချားတွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက် စတေကာများဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားတွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက် စတေကာများဖြန့်ဝေ

 



MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက် စတေကာအား  ယနေ့မွန်းလွဲ (၁၂) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မတွင် ဖြန့်ဝေခဲ့သည်။


ယင်းသို့ စတေကာများဖြန့်ဝေပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများမှ နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ သတင်းပို့ဖြေရှင်းရန်၊ အသက် (၁၀) နှစ် ပြည့်ပြီးသော်လည် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသောသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက် ပြုလုပ်ရန်၊ အသက် (၁၀) နှစ်ပြည့်ပြီး  နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပြီးသော်လည် သတ်မှတ်ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန်၊ နိုင်ငံသား စိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရန်၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင် ထားရှိခြင်း မပြုရ၊ အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြား (အမတ) ကိုင်ဆောင်ထား သူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်၍ နိုင်ငံသား စိစစ်ရေးကတ်သို့ ပြောင်းလဲရမည် (ပြောင်းလဲခွင့်ရှိသူများသာ)၊ မိမိနိုင်ငံသားစိစစ်ရေး ကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်သတင်းပို့ရန်၊ ပုံစံ ၆၆/၆ ပျက်စီးပျောက်ဆုံးသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်၍ သတင်းပို့ဖြေရှင်းရန်၊ ပုံစံ ၆၆/၆ တွင်ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသားစိစစ်ရေးကတ်ရရှိပါက နိုင်ငံသား စိစစ်ရေးကတ်အမှတ်အား မြို့နယ်လဝကရုံးများတွင် မဖြစ်မနေဖြည့်သွင်းရန်၊ ပုံစံ ၆၆/၆ အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲနေပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရန်၊ ပုံစံ ၆၆/၆ တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ အမြန် သွားရောက် သတင်းပို့ဖြေရှင်းရန်၊ ပုံစံ ၆၆/၆ အချက်အလက်များ (ပြောင်းဝင်/ ပြောင်းထွက်/ မွေးဖွား/ သေဆုံးခြင်း) ပြောင်းလဲမှုရှိသည့်အခါတိုင်း သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်၍ နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်မှုများကို ဆောင်ရွက်ရန်၊ မည်သည့် အရပ်ဒေသတွင်းမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ မရှိသေးသူများသည် နီးစပ်ရာ မြို့နယ်လဝကရုံးများသို့ သတင်းပို့၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက် စတေကာများကို လဲချားမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှ ပြည်သူများထံသို့ သိရှိစေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)