မုဒုံမြို့နယ် ကလော့သော့ကျေးရွာတွင် အခြေခံပညာမူလတန်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအားစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် ကလော့သော့ကျေးရွာတွင် အခြေခံပညာမူလတန်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအားစစ်ဆေး



MNP - စက်တင်ဘာ   ၃၀


မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ကျေးရွာရှိ အခြေခံပညာမူလတန်း (ခရစ်ယာန်ကုန်း)၌ စာသင်ကျောင်းဆောင်အသစ် ဆောက်လုပ်နေမှုကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။


ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော်မတီဝင်များက စာသင်ကျောင်းဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ရေး၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကျောင်းအုပ်ဆရာမကြီးနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


အဆိုပါ ကျောင်းဆောင်သစ်သည် ( ၆၀ ပေ × ၃၀ ပေ )  Steel  Structure  တစ်ထပ် အဆောက်အဦးဖြစ်ပြီး ပြည်နယ်အခြေခံပညာဦးစီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၉ ဒသမ ၉၅ ကျပ်သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိရာ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)