ရသေ့တောင်မြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 



MNP - စက်တင်ဘာ  ၂၄


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်(၇)နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်ထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများဏ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၈၀ ခန့်တို့က ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ခြင်များခိုအောင်းနိုင်သည့်နေရာများ၊ ချုံနွယ်မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလစ်စတစ်ဗူးခွံ၊ အမှိုက်သရိုက်များအား တက်ညီလက်ညီ စုပေါင်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းလင်းကျော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)