ကိုကိုးကျွန်းမြို့နယ်သို့ လေယာဉ်ခရီးစဉ် ပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုကိုးကျွန်းမြို့နယ်သို့ လေယာဉ်ခရီးစဉ် ပြေးဆွဲ

 



MNP - စက်တင်ဘာ  ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် စားသောက်ရေးအဆင်ပြေရန်အတွက်၊ တပ်မတော်လေမှ ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ခရီးသည်(၄၁)ဦးနှင့် ကုန်တန်ချိန် (၁၈၇၇)KG တင်ဆောင်ပြီး၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာလာရာ ကိုကိုးကျွန်းလေဆိပ်သို့ နံနက်(၉)နာရီ အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။


လေယာဉ်ဆိုက်ရောက်ချိန်၌၊ ကိုဗစ် ၁၉ရောဂါမဖြစ်ပေါ်စေရန်နှင့် ကိုကိုးကျွန်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်(၄၁)ဦးအား၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူဆေးရုံမှ ဆရာဝန်ကြီးနှင့် ကျန်မာရေးဝန်ထမ်းများမှ ကိုဗစ်ရောဂါစစ်ဆေးပေးခြင်း ပစွည်းများကို ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် နေ့လည်၁၂နာရီအချိန်တွင် ခရီးသည် (၄၉)ဦးနှင့် ကုန်တန်ချိန် ၇၀၀ kg တင်ဆောင်ကာ ကိုကိုးကျွန်း လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြေးဆွဲပေးခြင်းဖြစ်ပြီး အပတ်စဉ်(၁)လ နှစ်ခေါက်နှုန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)