မိုးညှင်းတက္ကသိုလ်၌ အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုများချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းတက္ကသိုလ်၌ အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုများချီးမြှင့်ပွဲကျင်းပ




MNP - စက်တင်ဘာ  ၂၄


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုများချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပသည်။


ထိုသို့ကျင်းပရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘာသာရပ်အသီးသီးမှ ကျောင်းသားကျောင်းသူများအား သင်ကြားရေးကိုသာမက လေ့ကျင့်ရေးကိုပါ ထူးချွန်ထက်မြက်လာစေရန်၊ အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။


ထိုပြိုင်ပွဲတွင် အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံအသီးသီးမှ အမျိုးသားအသင်း (၄)သင်းပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် ပထဝီဝင်အသင်းနှင့် ဒဿနိကဗေဒ အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ပထဝီဝင်အသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းထွန်း၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)