ရေကြီးရေလျှံပြီး ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် မိသားစုအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြီးရေလျှံပြီး ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် မိသားစုအား ထောက်ပံ့ငွေပေးအပ်




MNP - စက်တင်ဘာ   ၂၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဝက်ထီးကန်အုပ်စု၊ ကွက်သစ် ၂ ရပ်ကွက်၊ သံဘိုရပ်ကွက်တွင် ချောင်းရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် ပြည်သူတစ်ဦးအတွက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်း က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


ပြည်မြို့ဝက်ထီးကန်အုပ်စုအတွင်း ဖြတ်သန်းစီးဆင်းနေသော အင်ရုံချောင်းသည် ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု  အန္တရာယ်ကြုံတွေ့ခဲ့ရသည့် ကွက်သစ်(၂)ရပ်ကွက် သံဘိုရပ်မှ ဒေါ်ချောစုဝင်းနေအိမ်အား စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခရိုင်/မြို့နယ် သဘာဝဘေးကော်မတီဝင်များက ကမ်းပါးနှင့်လွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။


အဆိုပါ ပြောင်းရွှေ့ခဲ့ရသော မိသားစုအား ကယ်ဆယ်ရေးထောက်ပံ့ငွေ ကျပ်တစ်သိန်း၊ ဆန်ရိက္ခာဖိုး ငွေ ခြောက်ထောင့်သုံးရာကျပ် စုစုပေါင်း ငွေကျပ် ၁၀၆၃၀၀/- ကျပ် (တစ်သိန်းခြောက်ထောင့်သုံးရာ) ကို ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်အဖွဲ့မှ သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)