မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းလျာထားချက်များရေးဆွဲရာမှာ ကျန်ရှိမှုမရှိစေရေး၊ ယခင်ဘဏ္ဍာနှစ်များက ဆောင်ရွက်ခဲ့သည့် လမ်းတံတားများ၊ ကျေးရွာလမ်းများ ထပ်မံရေးဆွဲခြင်းမျိုးမပြုလုပ်စေရန် သတိပြုဆောင်ရွက်ရေး အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံကိန်းဦးစီးမှူး ဦးသက်ခိုင်က ဌာနဆိုင်ရာများအနေဖြင့် စီမံကိန်းလုပ်ငန်းများ မြေပြင်အခြေအနေနှင့်ကိုက်ညီမှုရှိစေရန် ကွင်းဆင်းစိစစ်ပြီးမှ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ဌာနအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလျာထားချက်များကို ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားချက်လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်လျာထားမှုနှင့် မြို့မဈေးအတွင်း မီးငြှိမ်းသတ်ရေစင်တည်ဆောက်ရန် လျာထားချက်များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဦးက ကျေးရွာစိမ့်စမ်းရေရရှိရေး၊ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ရေး လုပ်ငန်းလျာထားချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့ဌာနလုပ်ငန်းလျာထားချက်များနှင့် ဆက်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


သတင်း - မင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)