ငပုတောမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင်‌ ဒေသဖွံ့ဖြိုး‌ရေး၊ ရေးဆွဲတဲ့အခါမနှစ်က ချထားတဲ့ရန်ပုံ‌ ငွေနဲ့ အနီးစပ်ဆုံး ရေးဆွဲရန်၊ ပထမဦးစား‌ ပေးအနေနဲ့ ရေ၊ မီး၊ လမ်းတံတား ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် အကြီးအကဲများခရီးစဉ်တွင် ညွှန်းကြားထားသည့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များဦးစား‌ ပေးဆောင်ရွက်ရန် ဆွေးနွေး ပြောကြားပါသည်။ ဆက်လက်ပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး၊ ဒေါ်သန်းသန်းနုက တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအဆိုပြုချက်များကို သတ်မှတ်ချက်နှင့်အညီ တင်ပြလာသည့် လုပ်ငန်းများအားလုံးကို မကျန်စေရအောင် ဦးစားပေးအစီအစဉ်များဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှု အစီအစဉ်များရေးဆွဲ တင်ပြနိုင်ရေး အတွက်ဌာန( ၁၃ )ဌာနမှ တိုင်းဒေသကြီး ဘတ်ဂျက်တွင် တင်ပြမည့် ပထဦးစားပေး၊ ဒုတိယဦးစားပေးလုပ်ငန်းများကို ဆက်လက် တင်ပြပေးသွားဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။


မြို့နယ် စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့(၂)ဦးသန်းဦးနှင့် ကော်မတီဝင်များ၊‌ဌာနဆိုင်ရာများ တက်ရောက်ကြပြီး မြို့နယ်၏ လိုအပ်ချက်များကို တင်ပြရေးဆွဲကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)