မိုင်းရှူးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မိုင်းရှူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲ (၃၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)