ရုရှားဆီဝင်သည်နှင့် တိုင်မင်ကိုက် ဆီဈေးကျ ကုန်ဈေးနှုန်းတွေ ကျလိမ့်မည်ဟု ဦးမောင်မြင့် ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဆီဝင်သည်နှင့် တိုင်မင်ကိုက် ဆီဈေးကျ ကုန်ဈေးနှုန်းတွေ ကျလိမ့်မည်ဟု ဦးမောင်မြင့် ပြော



MNP ၊ စက်တင်ဘာ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မင်းကင်း ဦးမောင်မြင့် က ရုရှားဆီဝင်သည်နှင့် တိုင်ပင်ကိုက် ဆီဈေးကျ ကုန်ဈေးနှုန်းတွေ ကျလိမ့်မည်ဟု ပြောဆိုလိုက်သည်။

ယမန်နေ့က သူ၏လူမှုကွန်ရက်စာမျက်နှာမှ "ရွှေဒင်္ဂါးတွေ ဒီနေ့ နပတ ကျောက်မျက်ရုံးမှာ ရောင်းပါတယ်။ ၁ ကျပ်သားကို ၂၉.၅ သိန်းပါ။ တကယ်တော့ ရက နဲ့ မတလ မှာ ရောင်းဖို့လိုပါသဗျ။ လူတွေက စားဖို့မရှိဘူး၊ ရွှေရောင်းတာ ဘာလုပ်ဖို့လဲ ဆိုတဲ့ အသံတွေ ကြားရပါသဗျ။ ရွှေက စားဖို့ ရောင်းတာမဟုတ်ပါဘူး။ ပြင်ပဈေးကွက်မှာ စိတ်ထင်တိုင်းတက်နေတဲ့ ရွှေဈေးကို ထိန်းနိုင်ဖို့အတွက်ပါ။ အကျိုးဆက်အနေနဲ့ ဒီနေ့ ပြင်ပရွှေဈေးကျသွားပါပြီ။ တစ်ဆက်တည်း ဒေါ်လာလည်း အကျဖက်ကို ရောက်လာမှာပါ။ ဒါပေမယ့် အချိန်တစ်ခုတော့ စောင့်ရပါလိမ့်မယ်။" ဟု ပြောဆိုထားသည်။

ဦးမောင်မြင့် က"ရွှေ၊ ဒေါ်လာ ကျမဲ့အချိန်နဲ့ ရုရှားဆီ ဝင်မဲ့အချိန်က တိုင်မင်ကိုက်ပါပဲ။ ဆီဈေးပါ ကျပါလိမ့်မယ်။ ဒါဆိုရင် ကုန်ဈေးနှုန်းတွေ ကျပါလိမ့်မယ်။" ဟု ပြောဆိုထားခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေနှင့် ဒေါ်လာဈေး အဆမတန် မြင့်တက်လာပြီးနောက် နိုင်ငံတော်အစိုးရက ဈေးနှုန်းသတ်မှတ်၍ ရွှေဒင်္ဂါးများ ထုတ်ရောင်းပေးနေခြင်းဖြစ်ပြီး နေပြည်တော် ကျောက်မျက်ရုံးတွင် မှတ်ပုံတင်ပြသ၍ လူတစ်ဦးလျှင် တစ်ပြားနှုန်း ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)