အုတ်ဖိုမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကတင်း(၁၀၀)ကျော်ထွက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကတင်း(၁၀၀)ကျော်ထွက်ရှိ



MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၊ လွှစင်ကျေးရွာမှ တောင်သူ ဦးတင်ရွှေ၏လယ်မြေ၊ ကွင်းအမှတ် ၆၈၀၊ ဦးပိုင်အမှတ် ၂၈ ရှိ စိုက်ဧက ၁၀ ဧက တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ထိုင်းနှံကောက်မိုးစပါး စံကွက်ရိတ်သိမ်းခဲ့သည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းနှင့် မြို့နယ်စိုက်ပျိုးညှိနှိုင်းမှု အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ယခုရိတ်သိမ်းခဲ့သည့် ထိုက်နှံကောက်စပါး တစ်ဧကလျှင် (၁၀၀.၂၀)တင်း ထွက်ရှိကြောင်း၊ အုတ်ဖိုမြို့နယ် အနေဖြင့် မေလ လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲသည့် သက်လျှင်အထွက်ကောင်းစပါးများမှာ စိုက်ဧက (၁၅၀၀၀)ခန့်ကို စက်တင်ဘာလအတွင်း ရိတ်သိမ်းနိုင်ပြီဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအထွက်နှုန်းများ ကြိုတင်ခန့်မှန်း သိရှိနိုင်စေရန်အတွက် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို (၁) ဧကစံကွက်၊ (.၁၀) စံကွက်၊ (.၀၀၁) စံကွက်များအား မိုးစပါးမျိုးခွဲအလိုက် ရိတ်သိမ်းလျက်ရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)