ဟိုပန်၌ အသက်(၂)လ မှ တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ အသက်(၂)လ မှ တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၂


ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် တွင် အသက်(၂)လ မှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ က  ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန စုရပ်နေရာ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။ 


ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ထိုးနှံ၊ တိုက်ကျွေးပေးနိုင်ခြင်းဖြင့် ပြင်းထန်တီဘီ ရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဉီးနှောက်အမှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဉီးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါများမဖြစ်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဟိုပန်မြို့နယ်တွင် အသက်(၂)လ မှ တစ်နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ် လဆန်းရက်များတွင် ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကလေးငယ်(၂၅)ဦးတို့အား ထိုးနှံတိုက်ကျွေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကလေးငယ်များ အား ဆက်လက်ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ  သိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)