ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် ကျေးလက်ရေရှိရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် ကျေးလက်ရေရှိရေးလုပ်ငန်းများဆောင်ရွက်



MNP - စက်တင်ဘာ   ၂


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် မူလရန်ပုံငွေ (ပြည်ထောင်စု) ရန်ပုံငွေကျပ် (၁၄၂ ဒဿမ ၁၆) သန်းဖြင့် ကျေး/ လက်ရေရရှိရေးလုပ်ငန်းများကို မြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် တင်ဒါအောင်မြင်သော ကုမ္ပဏီ(၅)ခု မှ ဇွန်လ နောက်ဆုံးပတ်တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျေးလက်ရေရှိရေးတွင် နှီးမုတ်ကျေးရွာ၌ ဂါလံ(၅၀၀၀)ဆံ့ ရေစုကန် (၇၂၀၀)ပေ ရေပိုက်သွယ် တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ရန်ပုံငွေကျပ် (၂၅ဒသမ၂) သန်းအား ဇော်နဂါးကုမ္ပဏီကလည်းကောင်း၊ မုခနီးကျေးရွာ၌ ပေ ၂၀၀ တွင်းတိမ်တူးခြင်း ရေစက်ရုံတည်ဆောက်ခြင်း၊ ပေ(၇၀၀၀)ရေပိုက် သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ရန်ပုံငွေကျပ် (၂၃ဒသမ၁၃) သန်းအား ရတနာထိုက်စံ ကုမ္ပဏီကလည်းကောင်း၊ တကူပတီကျေးရွာ၌ ပေ(၂၀၀)တွင်း တိမ်တူးခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ(၂၄၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ပေ(၃၀၀၀) ရေပိုက်သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ရန်ပုံငွေကျပ် (၂၁ဒသမ၃)သန်းအား ကျော်ပန်းကမ္ဘာကုမ္ပဏီကလည်းကောင်း၊ ဇီးကုန်းကျေးရွာတွင် အဝီစိတွင်းတူးခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ပေ(၂၁၀၀၀)ရေပိုက်သွယ်တန်းခြင်း၊ ဂါလံ (၂၀၀၀) ဆံ့ရေစုကန် (၂)ကန်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ရန်ပုံငွေကျပ် (၅၆ ဒသမ၁၇)သန်းအား မြင့်မိုရ်ကျွန်းကုမ္ပဏီကလည်းကောင်း၊ ကုလားတို့ကျေးရွာတွင် ဂါလံ(၂၄၀၀)ဆံ့ ရေစင်နှင့် ပေ(၃၀၀၀) ရေပိုက်သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ရန်ပုံငွေကျပ် (၁၆ဒဿမ၃၆)သန်းအား ရာမညအောင်ကုမ္ပဏီကလည်းကောင်း၊ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မော်လမြိုင်ခရိုင် (ကျေး/လက်)ဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့နောက် ခရိုင်ဦးစီးမှူးက အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယခုလိုဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာများတွင် ရေစုကန်ရေပိုက်လိုင်းများ သွယ်တန်းခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများ ရေရှားပါးမှုမှ လွတ်ကင်းပြီး လွယ်ကူလျင်မြန်အချိန်ကုန်သက်သာစွာဖြင့် သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)