MNP - စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၇)နာရီ အချိန်က ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ် အမှတ် (၉၀၅)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးတင်မျိုးထွန်း၊ အမှတ်(၄၀၉) အမြှောက်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်နိုင်အောင် ဦးစီးသော တပ်မတော်သားများက အခြေခံစားကုန်နှင့် ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဆန်(၁)ပြည် ၁၆၀၀ကျပ်၊ ဆီ(၅၀)ကျပ်သား ၃၅၀၀ ကျပ်၊ ကြက်ဥ (၆)လုံး ၁၀၀၀ကျပ်၊ ဆီသွပ်ဗူး ၁ဗူးလျှင် ၄၂၀၀ ကျပ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သတင်း - မယု
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment